အရူးကြီးခြောက်ယောက်
တစ်ခါတုန်းကအရူးကြီးခြောက်ယောက်
အိမ်တစ်ထဲမှာနေတယ်
အရူးခေါင်းဆောင်ကြီးနဲ့အရူးကြီးငါးယောက်ပေါ့
တစ်နေ့တော့အရူးခေါင်းဆောင်ကြီးကကွန်ပြူတာတစ်လုံးဝယ်လာတယ်
အဲ့ဒါကိုအရူးကြီးငါးယောက်မသိစေချင်တော့တစ်ယောက်ကိုထမင်းအိုးတည်ခိုင်းလိုက်တယ်
အဲဒီအရူးကြီးကထမင်းအိုးတည်ဖို.သစ်ပင်ပေါ်တက်သွားတယ်
ကျန်တဲ့ထဲကနှစ်ယောက်ကိုဟင်းဝယ်ခိုင်းလိုက်တယ်
သူတို.နှစ်ယောက်လဲစကားတစ်ပြောပြောနဲ့တောအုပ်ထဲဝင်သွားခဲ့တယ်
နောက်တစ်ယောက်ကိုရေထမ်းခိုင်းလိုက်တယ်
သူကလဲရေထမ်းဖို.သောက်ေ၇ခွက်နှစ်လုံးနဲ့ထမ်းပိုးယူပြီးရေတွင်းရှိရာသွားခဲ့တယ်
နောက်ဆုံးတစ်ယောက်ကိုတော့ယာခင်းထဲဆင်းခိုင်းလိုက်တယ်
သူကတော့တောလိုက်ခွေးနဲ့သေနတ်ယူပြီးယာခင်းထဲမှာပေါင်းသွားနှုတ်တယ်
အရူးခေါင်းဆောင်ကြီးလဲဘယ်သူမှမရှိတော့မှ
ကွန်ပြူတာရှေ့ထိုင်မောက်စ်ပေါ်လက်တင်ပြီး
ဒီပိုစ့်ကိုစိမ်ပြေနပြေဖတ်နေတယ်တဲ့
အခုမှလက်ပြန်ချမနေနဲ့နောက်ကျသွားပြီ

.... စားချင်အုန်း....
ကိုအောင်မောင်းတစ်ယောက် စပိန် နိုင်ငံမှ နွားရိုင်းသတ်ပွဲတစ်ခုသို့
ဝင်ရောက်ကြည့်ရှူပြီး အနီးမှစားသောက်ဆိုင်သို့ဝင်လိုက်သည်…
`ဟိုဘေးဝိုင်းက စားနေတာဘာလဲ´
`အဲ့ဒါ နွားရိုင်းသတ်ပွဲက သေသွားတဲ့ နွားရဲ့ fighting ball ပါခင်ဗျ၊
ကျွန်တော်တို့ ဆိုင်ရဲ့ အကောင်းဆုံးအစားအစာပါ´
... `င့ါကို တစ်ပွဲပေးကွာ´
`ဆောရီးပါဆရာ နွားရိုင်းသတ်ပွဲက တစ်နေ့မှာ တစ်ပွဲပဲကျင်းပတာဆိုတော့ နွားက
တစ်ကောင်ပဲသေပါတယ်… တုံကင်လေး ယူသွားပြီး နောက်တစ်ပတ်
ကြာမှပြန်လာပေးပါခင်ဗျ´
ချိန်းဆိုထားသောရက်ရောက်သောအခါ…….
ဆိုင်ရဲ့အကောင်းဆုံးအစားအစာ fighting ball ကိုစားပြီး …
`ပိုက်ဆံရှင်းမယ်´
`ဟုတ် ကဲ့ လာပြီခင်ဗျ´
‘ ဟိုနေ့က ဘေးနားကလူစားတုန်းက အလုံးနှစ်လုံးက တော်တော်ကြီးပါတယ်
ဒီနေ့ကျမှ ဘာဖြစ်လို့ စပျစ်သီးသာသာပဲရှိတာလဲ´
`ဒီနေ့နွားရိုင်းသတ်ပွဲမှာ နွားကနိုင်ပြီး လူကသေသွားလို့ပါ´
..`လူ-လူ-လူကသေ ဘာာာာာာာ ´...

ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား**
ုမြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။''ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား''
သား။ ။ ''မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။''
အဖေ။ ။ ''အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။သူများ မျက်စိလဲ.. မှန်ဦးမယ်တဲ့။

....သွားနုတ်မယ်.....
တစ်နေ့ သွားဆရာဝန် တစ်ဦးထံဖုန်းလာပါတယ်.....
ဖုန်းဆက်သူ……ဆရာဆီမှာသွားနှတ်ရင်ဘယ်လောက်ကုန်မလဲ
ဆရာဝန်………..အကောင်းဆုံးနှုတ်မယ်ဆိုရင်ဒေါ်လာ ၅၀ ပါ
ဖုန်းဆက်သူ……ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………..အင်း ဒီထက်ဈေးနည်းတာဆို ထုံဆေးမထိုးဘူး နည်းနည်းတော့နာမယ်
ဒေါ်လာ၄၀ ကျမယ်
ဖုန်းဆက်သူ……..ဒီထက်နည်းတာရှိသေးလား
ဆရာဝန်………..ဒီထက်နည်းတာဆို လက်ထောက်ဆရာဝန်နဲ့နှုတ်ရမယ်
စိတ်တော့ချရပါတယ်ဒေါ်လာ ၃၀ နဲ့ ရမယ်
ဖုန်းဆက်သူ……ဒီထက်နည်းတာရှိသေးလား
ဆရာဝန်…………..ဒီထက်နည်းချင်ရင်တော့ ဒရ၀မ်နဲ့နှုတ်ရမယ် …
တော်တော်တော့နာမယ် … လက်ရာလည်းမကောင်းဘူး ၂၀နဲ့ရမယ်
ဖုန်းဆက်သူ…….ဒီထက်နည်းတာတော့မရှိတော့ဘူးပေါ့
ဆရာဝန်………………..အင်း မရှိတော့ဘူး
ဖုန်းဆက်သူ…………. အဲ့ဒါဆို သူနဲ့ပဲ နှုတ်မယ်ဆရာ… ခဏနေ ကျွန်တော့မိန်းမကိုလွှတ်လိုက်မယ်။....
ဆရာဝန်……………….အမ်…။

တော်လိုက်တဲ့ငါ့သား......
ကောင်လေးတယောက်ကဈေးကနေပြီးတော့ကြက်တွေထည့်ထားတဲ့ခြင်းတောင်းကိုဆွဲပြီးပြန်လာပါတယ် .....သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့သူ့ကိုကြက်တွေအရင်ယူသွားခိုင်းတာပါ။
ကောင်လေးလဲအဖေ့ရဲ့ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့ပျော်ရွှင်စွာနဲ့ပြန်လာတယ်ဒါပေပမယ့်ကံဆိုးစွာပဲရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေထွက်ပြေးကုန်ပါရော။
ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကိုရပ်ကွက်တခွင်ပြဲပြဲစင်အောင်လိုက်ဖမ်းရင်းမိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊
ဒါနဲ့ကြက်ခြင်းကိုအဖေ့ကိုပေးပြီးလမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့
ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့
့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီး
သူ့သားကိုပြောလိုက်တာက..
တော်လိုက်တဲ့ငါ့သား..အဖေပေးလိုက်တဲ့ကြက်၇ကောင်ကိုနေချင်းပွါးအောင်လုပ်ပြစ်လိုက်နိုင်တာပဲတဲ့.........