လူကုန်ကူးခံရသည့်မိန်းကလေး အင်တာနက်သုံးတတ်သောကြောင့် ဘန်ကောက်မှထွက်ပြေးလာနိုင်ခဲ့
လူကုန်ကူးခံခဲ့ရပြီး ဘန်ကောက်မြို့ တွင် အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေရာမှ ထွက်ပြေးလွတ်မြောက်လာသည့်ရန်ကုန်မှ အသက် ၁၈ နှစ်အရွယ်ဆယ်တန်းကျောင်းသူတစ်ဦး အား
မြန်မာသံရုံးနှင့် BAT တို့ ယနေ့ညနေတွင် ပူးပေါင်း ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
မိထွေး နှင့် ဖခင်တို့ ပို့ဆောင်လိုက်သည့် ရန်ကုန်မြို့ လသာမြို့နယ် - - - - - - မှ ကျောင်းသူ မ----- ဆိုသူမှာ ဘန်ကောက်ြ မို့အနီး မြန်မာမွတ်ဆလင် အမျိုးသား တစ်ဦး တစ်ဦး နေအိမ်တွင် အိမ်ဖေါ် အလုပ်လုပ်ကိုင်နေရာမှ မြန်မာသံရုံးသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မ-----က “ သမီး မိဒွေး က ဒီက ဦးဆန်နီ ဆိုတဲ့ သူနဲ့  ဖုန်းပြောခိုင်းတယ်။ သမီးကို သူ့စတိုးဆိုင်မှာ ကွန်ပျူတာ စါရင်းအင်းတွေ ကိုင်ပြီးလုပ်ရမယ်ဆိုလို့ သမီးလာခဲ့တာပါ။ ဒီရောက်တော့ အိမ်အလုပ်လုပ်ခိုင်းတယ်။
သမီးကို ရန်ကုန်ပြန်ပို့ဆိုတော့ တုတ်နဲ့ ရိုက်တယ်။ လက်မှာ ခုထိ ဒဏ်ရာဟောင်းတွေ ကျန်နေခဲ့တယ်။
သမီးကိုဘယ်မှ သွားခွင့်မပြုဘူး၊ ထွက်ပြေးရင် သတ်ပစ်မယ်လို့ပြောတယ်” ဟုပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ပြီး ၈ ရက်နေ့တွင် ကန်ချနဘူင်္ရီ သို့ရောက်
ရှိခဲ့သည်။ လမ်းမတော်မြို့နယ်မှ ဒေါ်နိုင်နိုင်မာ ဆိုသည့် အမျိုးသမီးကြီး တစ်ဦးကရန်ကုန်မြို့တွင်ခေါ် ဆောင်စဉ်က စတိုးဆိုင်တွင်ကွန်ပျူတာစါရင်းကိုင်အလုပ် လုပ်ရမည်ဖြစ်ပြီး တစ်လလျှင် (၃)သိန်းကျော် ရမည်ပြောဆိုခဲ့သဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘုရားသုံးဆူတွင် ဦးဆိုနီ ဆိုသည့် မြန်မာမွတ်ဆလင် သူဌေးတစ်ယောက်က ကန်ချနဘူရီသို့ ခေါ်ဆောင်သွားပြီး လူသူမနီးသည့် နေအိမ်တစ်လုံး တွင်ညှင်းပန်း နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။
ဦးဆိုနီ က အင်တာနက် သုံးတတ်သလားဟု မေးမြန်းခဲ့စဉ် မ- - -က မသုံးတတ်ကြောင်း ဖြေကြားခဲ့
သဖြင့် အင်တာနက်လိုင်းအား မဖြတ်တောက်ပဲ ထားရှိသည်။ အိမ်ရှင်အလစ်တွင် မ- - - က အင်တာ
နက်သုံးပြီး ရန်ကုန်မှ အဒေါ်ထံသို့ ဆက်သွယ်ပြီး မြန်မာသံရုံးလိပ်စာအား ရရှိခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၆ ရက်နေ့ နံနက်တွင် မြန်မာသံရုံးသို့တစ်နာရီ ကျော် မောင်းနှင်ရသည့် နေရာမှ လာခဲ့သည်။ ထွက်ခွာလာ သည့်နေရာကို သူမ မမှတ်မိပါ။ နံနက် ၁၀ နာရီကျော်တွင် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ သံမှူး ဦးနိုင်ထွန်း က အငှါးကား တက္ကစီ ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များအသင်း BAT ရုံးသို့ စရိတ်စက နှင့် ထောက်ခံစာများ ရေးသားပို့ဆောင်ပေးခဲ့ပါသည်။
BAT ကလည်း မ- - -၏ ရန်ကုန်ုမှ အဒေါ်ထံသို့ ဆက်သွယ်ခြင်း၊ ဘန်ကောက်နှင့် မြန်မာ UNIAP (ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့) တို့သို့ ဆက်သွယ်ပြီးမိသားစုများထံသို့ ချောမွေ့ စွာရောက် ရှိ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသည့် မ- - - မြ၀တီ/မဲဆောက် နယ်စပ်သို့ ရောက်သည့်အခါ နယ်ခြားစောင့် (DABA ကိုးသုံးလုံးဂိတ်)တွင် ရွေးထုတ်ရခြင်းမျိုး မရှိစေရုံသာမက ရန်ကုန်သို့ လုံခြုံစွာရောက်ရှိစေရေးအတွက် စီစဉ်ထားကြောင်း ကူညီသည့်အဖွဲ့များကပြောသည်။

လျှပ်စစ်မီးရရှိဖို့ရန် မန္တလေးမြို့တွင် ဆန္ဒပြနေသူများ......
ယနေ့ (၂၀၊ ၅၊ ၂၀၁၂) တနင်္ဂနွေ ည ၇ နာရီကျော်ခန့်ကစတင်၍ လူအင်အား တစ်ရာကျော်ရှိသော မန္တလေးပြည်သူပြည်သားများက မန်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာရုံးအား ပတ်၍ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော် စီတန်း လမ်းလျှောက်ပွဲ ကျင်းပနေကြပါသည်။
မန္တလေး၊ စွမ်းဟိုတယ်ရှေ့တွင်လည်း ယခု စီတန်းလမ်းလျှောက်ပွဲနှင့် တစ်ပြိုင်နက်တည်း ဖယောင်းတိုင်မီးထွန်းပွဲ ပြုလုပ်လျက်ရှိပြီး ဆန္ဒပြ ၂ ဖွဲ့ ပူးပေါင်းမည်ဟု သိရကြောင်း CJmyanmar - Facebook မှာ ဖော်ပြထားသည်။
မန္တလေးမြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းနှင့် ဓာတ်အား ဖြန့်ဝေရာတွင် အလှည့်ကျစနစ် မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် မန္တလေးမြို့ခံ စာပေပညာရှင်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် မြို့ခံလူထုတို့က မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံး အနီးတွင် ယနေ့ည ၇ နာရီ တိတိမှ စတင်၍ ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်၍ စီတန်းလှည့်လည် ဆန္ဒပြလျက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
“လေးယောက်တစ်တွဲ စီတန်းလှည့်လည်နေတာပါ။ အင်အား ၂၀၀ ကျော်လောက် ရှိတယ်။ အနောက်ကနေ ကားတွေ ဆိုင်ကယ်တွေနဲ့ လိုက်နေတဲ့ လူထုက အဲဒီနှစ်ဆကျော်လောက် ရှိပါတယ်” ဟု ၎င်းက တယ်လီဖုန်းဖြင့် ဆက်သွယ် သတင်းပေးပို့သည်ဟု The Voice Weekly-Facebook မှာလည်း
ဖော်ပြထားပါသည်။

သိန်း(20)အကုန်ကျခံပြီး တက်တူးထိုးတဲ့ခင်လှိုင်
ခင်လှိုင်က လတ်တလောမှာ ဗီဒီယို၆ကား ရိုက်ကူးဖို့ ပြင်ဦးလွင် မြို့သို့ ရောက်ရှိလာ ပါတယ်။ ပြင်ဦးလွင်မှာ လောလောဆယ် ၆ကား လက်ခံထားတယ်။ ထပ်တိုးလာဦး မလား မသိသေးဘူးလို့ ခင်လှိုင်က ပြောပါတယ်။ ခင်လှိုင်က မြန်မာသရုပ်ဆောင်တွေထဲမှာ တက်တူးအများဆုံးလို့ ဆိုရမယ့်သူပါ။ သူ့ရဲ့တက်တူးရုပ်တွေကို အသားပေး တဲ့ ‘တက်တူး’ ဆိုတဲ့ ဗီဒီယိုကို နေမင်းနဲ့ သင်္ကြန်မတိုင်မီ ရိုက်ကူးခဲ့သလို အခုအခါ ပြင်ဦးလွင်မှာလည်း နေတိုးနဲ့ ‘ဖောရှော’ဆိုတဲ့ကားမှာ သူ့တက်တူးတွေကို အသားပေး ပြီး ရိုက်ကူးနေတာ တွေ့ရပါတယ်။ ခင်လှိုင်က တတ်တူးထိုးရတာ ဝါသနာပါပြီး ဟိုးအရင်က ထိုးခဲ့တဲ့ပုံတွေက ခေတ်နဲ့မညီတာမို့ ဖျက်တာဖျက်၊ အသစ်ပြန်ထိုးတာထိုးနဲ့ လုပ်နေကာ သူထိုးထားတဲ့ တက်တူးတန်ဖိုးက သိန်း၂ဝနီးပါးရှိတယ်လို့ သိရပါတယ်။ ဒါနဲ့တင်အားမရသေးဘဲ တစ်ကိုယ်လုံး အပြည့်တက်တူးဖို့ ရည်ရွယ်ထားပါသတဲ့။ ခင်လှိုင်၊ ဒိန်းဒေါင်အတွဲက အစီအစဉ်တင်ဆက်သူလုပ်တာ အောင်မြင်မှုရတာကြောင့် မေးကြည့်တော့ ”သူနဲ့ကျွန်တော်က စင်ပေါ်မှာပြောမယ့် စကားကိုသိပ်မတိုင် ပင်ဖြစ်ဘူး။ လက်တန်းပြောကြတာ များတယ်။ တစ်ခါတလေမှ တိုင်ပင်ဖြစ်တာပါ။ ဇာတ်ကား ရိုက်ရတာခက်သလို၊ အစီအစဉ်တင်ဆက်သူ လုပ်ရတာနည်းနည်းပိုခက် တယ်။ ပရိသတ်နဲ့ တိုက်ရိုက်တွေ့ပြီး လုပ်ရတာပျော်စရာပါပဲ”လို့ ပြောပါတယ်။ ခင်လှိုင်က အရင်တုန်းကတော့ ဥာဏ်ကြီးရှင်၊ချစ်လွန်း စတဲ့ ကလောင်တွေနဲ့ စာတွေ ရေးဖြစ်ခဲ့ပေမယ့် အခုလောလောဆယ် မရေးဖြစ်တာက ဝမ်းစာတွေပြန်စုနေတာကြောင့်လို့ ပြောပြီး ဇာတ်လမ်းတွေတော့ ရေးဖြစ်ပါတယ်လို့ ပြောပါ တယ်။